Saturday, February 10, 2018

မှတ်​ဖို့

" မင်းမှာ မိဘမရှိဘူးလား "

" မိန်းမရေ အိမ်ကို သန့်ရှင်းရေးလုပ်ထားပေးပါ
ဒီနေ့ ကိုယ့်အမေလာမယ်တဲ့ ကိုယ်အပြင်သွားပြီး
အမေ့ကို သွားကြိုလိုက်ဦးမယ်....

ကျနော့်မိဘများက တောသူတွေပါ ကျနော့်ကို
သူများထက် မျက်နှာမငယ်ရအောင် စာတတ်တယောက် ဖြစ်ဖို့အရေးမှာ လယ်လုပ်ခြံစိုက် ရသမျှသီးနှံများကို
ရောင်းချပြီး ဒုက္ခကြီးစွာနဲ့ ရှာရှာကြံကြံ ပြုစုပျိုးထောင် ပေးခဲ့ရတဲ့သူတွေပါ....

ကျောင်းပြီး အလုပ်ရတာနဲ့ သိပ်မကြာခင်မှာ
ကျနော်ဟာ အဆင့်အတန်း အသင့်အတင့်ရှိတဲ့ သူ့နဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ကျ ကလေးရခဲ့တာပါ မိဘကျေးဇူး မဆပ်ဖူးသေးတဲ့ သားမိုက်တယောက် ဆိုလည်း  မမှားပါဘူးလေ
အမေနဲ့အဖေတို့အတွက် အလိမ္မာသားတယောက်အဖြစ် နေပေးရုံကလွဲပြီး ဘာတခုမှ ထွေထွေထူးထူး မလုပ်ပေးဖူးသေးတဲ့ သူတယောက်ပါ...

 "  မိန်းမကို အိမ်သန့်ရှင်းဖို့မှာပြီး ကျနော်က
အမေရှိရာ ကားဂိတ်ကို ခပ်သွက်သွက်လေး ထွက်လာခဲ့မိတယ်...

" ဟွန်း...သူ့အမေတောသူ လာဖို့များ အိမ်ကိုသန့်ရှင်း
ထားရမတဲ့ သမီးရေ မင်းအဖေက သောက်ကြီး သောက်ကျယ်နဲ့  ပြောသွားတာကြာလား....

"ဖွားဖွားက ဘာလာလုပ်တာလည်းမေမေ.....

" အင်း...သူ့သားတော်မောင် မင်းအဖေစီကို
သတိရလို့ လာတာနေမှာပေါ့အေ့...

သမီးလေးကလည်း အဖွားဖြစ်သူကို မရင်းနှီးပါ
သူမွေးစဉ်အခါမှစ၍ အဖွားကိုမြင်ဖူးသေးတာ
တခါနှစ်ခါမျှသာ ရှိသေးတာပါ...

"""လူတွေ ရူပ်ထွေးနေတဲ့ ကားဂိတ်မှာ အမေ့ကို
ရုတ်တရက်လှမ်းမြင်လိုက်ရတဲ့အခါ အမေ့ကိုကြည့်ပြီး
ကျနော့်ရင်ထဲ ဘယ်လိုသနားမှန်းမသိ သနားနေမိခဲ့တယ်

လက်နှစ်ဖက်မှာ ဟင်းသီးဟင်းရွက်အထုတ်အပိုးတွေကို
ချွေသံတရွဲရွဲနှင့် မနိုင့်တနိုင်ဆွဲပြီး ဟိုကြည့်သည်ကြည့်နေတဲ့ အမေ့အဖြစ်....

အမေ အမေရေ အမေ, လို့ မခေါ်ရကြာတဲ့ ကျနော့်အသံတွေက ဝမ်းသာတဝက် ဝမ်းနည်းတဝက်မို့
ငိုသံဖြစ်တောင် အက်ကွဲနေသည့်အလားပါ...
ဒီလိုနဲ့ အမေ့နားရောက်လာပြီး အမေ့လက်ထဲက အထုတ်အပိုးတွေကို ကူဆွဲရင်း....

" အမေကလည်းဗျာ ဘာမှယူမလာပါနဲ့လို့
သားပြောထားရက်နဲ့ အမေယူလာတဲ့ အထုတ်တပုံက တလှည်းတိုက်တောင် ကုန်မယ်မထင်ဘူးဗျ
ကျမ်းမာရေးလည်း သိပ်ကောင်းတာမဟုတ်ဘဲနဲ့....

အမေကကျနော့်ကို ဘာတခွန်းမှ ပြန်မပြောရှာဘဲ ပြုံးစိပြုံးစိနဲ့သာ ကျတော်ခေါ်ရာလိုက်ပါလာတော့တယ်..

" ဟေ့ သမီးရေ ဒီမှာ မင်းအဖွားလာပြီးကွ...!

သမီးလေး အိမ်နောက်ဖေးမှ ပြေးထွက်လာတာ
မြင်တော့  တလမ်းလုံးနုတ်ဆိတ် ပါးစပ်ပိတ်နေတဲ့အမေက..

" ဟေ...ကြည့်စမ်း ကြည့်စမ်း ငါ့မြေးလေးတောင်
အပျိုကြီး ဖြစ်နေပါရော့လား  လာပါဦးမြေးလေးရဲ့ အဖွားကို အမောပြေလေး နမ်းခွင့်ပေးပါဦးဟယ်....

အမေ့ရဲ့အနံ့တွေက မသံ့ပျန့်တာကြောင့်လည်း
သမီးလေးမှာ ကျနော့်မျက်နှာကိုကြည့်ပြီး  နှာခေါင်းကြုတ်ပြီး အနမ်းခံနေရှာတယ်...
အမေတွေ့လျှင် စိတ်မကောင်းမှာစိုး၍
မျက်လုံးပြူးပြီး သမီးလေးကို ကျနော် ချောက်လိုက်
မိသေးသည်....

" အော်   မြေးလေ ဒီမှာငါ့မြေးလေးအတွက်
အဖွားကိုယ်တိုင် ချုပ်ထားပေးတဲ့ အင်္ကျီ သုံးထည် ပါလာတယ် အရောင်တမျိုးစီပါ ကြိုက်တဲ့အရောင်
ရွေးဝတ်ပေါ့...

ဟိုခေတ်ကလက်ရာနှင့် ဒီခေတ်လက်ရာကမတူပါ
အင်္ကျီတွေမှာ ဘာမှ ဆန်းသစ်တဲ့လက်ရာမရှိပါ
သမီးလေးက ကျနော့်အမေပေးတဲ့ အင်္ကျီကိုယူပြီး
အိမ်ရှေ့ဝရမ်တာ,မှာ အဝတ်လှန်းနေတဲ့  သူ့အမေစီ ပြေးသွားခဲ့တယ်...

" မေမေ ဒီမှာသမီးအတွက် အဖွားချုပ်ပေးတဲ့ 
အင်္ကျီတဲ့ကြည့်စမ်းပါဦး လှလည်းမလှဘူး

" ခ်ခ် ရီရတယ်နော် သမီးသာဝတ်လိုက်ရင်
မေမေ့ထက် မေမေ့သမီးက ဆယ်နှစ်လောက်
ကြီးသွားမယ် ထင်ပါရဲ့....

သားအမိနှစ်ယောက် ကျနော့်အမေရဲ့ အင်္ကျီလက်ရာကို
လှောင်ပြောင်ကြည်စားပြုနေရင်းက ခွမ်း....ဆိုတဲ့
အသံတချက်နှင့်အတူ ပန်းအိုးတလုံး ကျကွဲသွားတော့သည်.....

 " အို..ဒီကြောင်တော့ ငါလုပ်လိုက်ရင် သေတော့မှာဘဲ
သမီးလေး မေ့မေ့ကို လက်နှီးတခုလောက် ရှာပေးပါဦး

" မရှာထိပါဘူး မေမေရဲ့ ဒီမှာလည်းလက်နှီးဘဲလေ သမီးကိုယ်တိုင် သုတ်ပေးပါ့မယ်...
သားအမိနှစ်ယောက်သား အိမ်ရှေ့ကနေ
ရယ်သံတွေ ထပ်မံပြီးညံထွက်လာပြန်သည်...

ဒီလိုနဲ့ ညနေထမင်းစားအပြီးမှာ ကျနော်တို့တတွေ
TV ရှေ့မှာ သတင်းတွေ ဇာတ်ကားတွေကြည့်နေချိန် အမေက
ပတ်ဝန်းကျင် သဘာဝအလှကို ရူ့စားရန်
အိမ်ရှေ့ထွက်ချိန်မှာ တမန်တလင်းမှာ ပြန့်ခင်းနေတဲ့
သူ့မြေးအတွက်ပေးတဲ့ အင်္ကျီလေးတွေ တွေ့သွားရှာတယ်

အမေဘယ်သူ့ကိုမှ ဘာမှမပြောဘဲ သူ့အင်္ကျီလေးကို ကောက်ယူကာ အိမ်နောက်ဖေးမှာသွားပြီး
တယောက်တည်း လျှော်ဖွတ်နေရှာတယ်

ပြီးတော့မှသူ့မြေးလေးနာမှာ လာထိုင်ပြီးပြောတယ်...

" မြေလေးရေ နေ့လည်က ဖွားဖွားပေးတဲ့ အင်္ကျီတွေဟာ
မြေးလေးအတွက် ယူလာပေးတဲ့ အင်္ကျီ မဟုတ်ဘူး
ဖွားဖွားဝတ်ဖို့ ယူလာတဲ့ အင်္ကျီတွေနဲ့မှားပြီး
ပေးမိတာပါ မြေးလေးအတွက်ယူလာတဲ့အင်္ကျီ
ဘယ်နားကျပြီး ပျောက်သွားလည်းမသိပါဘူးကွယ်
နောက်တခါမှ ဖွားဖွားယူလာပေးတော့မယ်နော်....

" သမီး ထင်သားပဲ အင်္ကျီတွေက အသက်လေးငါး
ခြောက်ဆယ်အရွယ် ဝတ်တဲ့ အင်္ကျီတွေပါ.....

အမေ့စကားကိုကြားတာနဲ့ ကျနော်သိပြီးသားပါ
သမီးနဲ့မိန်းမကတော့ ကိုယ့်အမှား ကိုယ်မသိသလိုနဲ့ အင်္ကျီအကြောင်း ကျနော့်အမေရှေ့မှာ ရယ်မောပြီး
ပြောနေကြဆဲပါ....

တရက်နှစ်ရက်နေပြီး အမေလည်းရွာပြန်သွားရှာတယ်
သူတို့သားအမိနှစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် ကျနော့်မှာလည်း ဘာမှမပြောဆိုမိပေမယ့် အမေ့အတွက် စဉ်းစားမိတိုင်း ဝမ်းနည်းပြီး နေမထိထိုင်မထိ ဖြစ်နေခဲ့ရတယ်....

ဒီလိုနဲ့ ကျွန်တော့်မွေးနေ့ရောက်လာတယ်
ကျနော့်မိန်းမက နာရီတလုံးဝယ်ပေးပြီး သမီးလေးက
အင်္ကျီတထည် ဝယ်ပေးကြတယ်...

အခွင့်ရတာနဲ့ သူတို့နှစ်ယောက်ပေးတဲ့ လက်ဆောင်ကို
သူတို့ရှေ့မှာဘဲ အမိုက်ပုံးထဲကို ကျနော်ပစ်ထည့်လိုက်တယ်
နှစ်ယောက်လုံးက ကြောင်တောင်တောင်နဲ့ ကျနော့်ကို
ကြည့်နေကြတယ် ပြီးတော့မှ....

"ဒါ ရှင်ဘာလုပ်တာလည်း မကြိုက်ဘူးဆိုလည်း
မကြိုက်ဘူးပြောပေါ့ ဒါ ကျမတို့စေတနာကို ရှင်သက်သက်
စော်ကားတာဘဲ ရှင်ဒီအကျင့်မျိုး ဒီတခါဘဲလုပ်ပါ...

" ဆောရီးပါကွာ ငါ့အထင် နင့်စိတ်မှာ စေတနာဆိုတာ
ဘာမှန်းမသိတဲ့ မိန်းမလို့ထင်ခဲ့မိတာ ဒီလိုကြတော့လည်း
သိတတ်သားကွ အဲလိုသိရင် နောက်တခါ သူတပါးရဲ့
စေတနာကို မစော်ကားမိဖို့စောင့်ထိန်းပါ....

ငါ့အမေလာတုန်းက မင်းတို့သားအမိ ဘာလုပ်ခဲ့သလည်း
ဆိုတာမှတ်မိသေးရဲ့လား သူ့နေရာမှာ မင်းဝင်ပြီး
ခံစားကြည့်ပါ မသိတဲ့ကလေးကို သိတတ်နားလည်အောင်
မဆုံးမပဲ မင်းကိုယ်တိုင်က အလိုတူ အလိုပါလိုက်ရောက်
စော်ကားခဲ့တာ...

မသေမချင်းမှတ်ထားပါ တပါးသူတွေ ပေးတဲ့လက်ဆောင်မှာ ရယူဖို့အတွက် အမည်းစက်တွေ
ပါချင်ပါမယ် မိဘတွေပေးတဲ့ လက်ဆောင်ဆိုတာ
ဘာတခုမှ ပြန်လည်ရယူဖို့ သူတို့မမျှော်လင့်ထားဘူး

အဲဒီအင်္ကျီသုံးထည်ရဖို့ ဘယ်လောက်ထိ အငတ်ခံပြီး ကြိုးစားစုစောင်းခဲ့ရသလဲဆိုတာ မင်းသိလား
ဒီလောက်ထိ ဒုက္ခခံကြိုးစားပြီး လုပ်ပေးခဲ့တဲ့ သူ့စေတနာ
ကို လက်နှီးတထည်မျှသာ တန်ဖိုးထားတတ်တာကိုတော့
အံဩစရာပါဟာ...

သူတပါးပေးတဲ့ လက်ဆောင်ကို တန်ဖိုးမထားရင်နေ
ငါပေးတဲ့ လက်ဆောင်ကို တန်ဖိုးမထားရင်နေပါ
ငါစိတ်မဆိုးဘူး ဒါပေမယ့် ကိုယ်တွေကို လူလားမြှောက်လာအောင် ပင်ပန်းဆင်းရဲစွာနဲ့
ပြုစုပျိုးထောင်ပေးလာကြတဲ့ အနန္တဂိုဏ်းဝင်
ကျေးဇူးရှင် မိဘများပေးတဲ့ လက်ဆောင်ဟူသမျှ
အပ်တချောင်းကအစ တန်ဖိုးထားတတ်ရမယ်

မိဘရဲ့ စေတနာကို မသိနားမလည်ရအောင်
"မင်းမှာ မိဘမရှိဘူးလား"

လူ့လောကမှာ လိမ္မာအောင်ဆုံးမဖို့ရော
"မင်းမှာ မိဘမေရှိဘူးလား"

မိဘရင်တွင်းဝင်ပြီး ခံစားပေးမတတ်ရအောင်
"မင်းမှာ မိဘမရှိဘူးလား"

အမေနောက်လိုက်တဲ့ သမီးတယောက်
မင်းမှာရှိလျှက်သားနဲ့ မိဘရဲ့  ကျေးဇူးတရားကို မသိနားမလည်သလို မင်းနေပြခဲ့ရင်
တနေ့ မင်းနောက်လိုက်တဲ့ သမီးကလည်း
မင်းလိုဘဲ မိဘကျေးဇူးကို မသိတတ်ဘဲ
မထီမဲ့မြင်ပြုပြီး  နေပြသွားမယ်ဆိုတာ သတိထားပါ...

No comments:

Post a Comment