Sunday, February 11, 2018

တရုတ်ပြည်က လုပ်ငန်းရှင်သူဌေးကြီးတဦး သေဆုံးတော့
မုဆိုးမ ဇနီးသည်က ၁.၉ ဘီလျံ အမွေရခဲ့ပြီး
အိမ်က ဒရိုင်ဘာကို ကောက်ယူလိုက်တယ်
အဲဒီဒရိုင်ဘာက ပြောတယ်
"တသက်လုံး သူဌေးဖို့ အလုပ်လုပ်ပေးလာတယ် ထင်ခဲ့တာ။
သူဌေးက ကျနော့်အတွက် အလုပ်လုပ်ပေးနေမှန်း
ခုမှ သိရတော့တယ်" တဲ့။

ရက်စက်တဲ့ အမှန်တရားကတော့
ချမ်းသာဖို့ထက်
အသက်ရှည်ကျန်းမာဖို့က ပိုအရေးကြီးတယ်
ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ထိန်းသိမ်းထားဖို့ အားထုတ်ရမယ်

ဘယ်သူက ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတယ် ဆိုတာသိပ်အရေးမကြီးဘူး။

နောက်ဆုံးပေါ် မိုဘိုင်းဖုန်းတလုံးရဲ့ ၇၀ ရာခိုင်နှုန်းသောFunction တွေကို
ကျနော်တို့ မလိုအပ်ဘူး
မော်တော်ကား အပျံစားရဲ့ အမြန်နှုန်း ၇၀ ရာခိုင်နှုန်းနဲ့အဆင်တန်ဆာတွေကို
ဘယ်တော့မှ မသုံးဖြစ်ဘူး
နန်းတော်ကြီးတမျှ ကြီးကျယ်ခမ်းနားတဲ့
စံအိမ်ကြီးရဲ့၇၀ ရာခိုင်နှုန်းမှာ
ဘယ်သူမှ မနေဖြစ်ဘူး
ဘီရိုထဲက အဝတ်အစား
၇၀ ရာခိုင်နှုန်းကိုလည်း
ဘယ်တော့မှ ထုတ်မဝတ်ဖြစ်ဘူး

တသက်လုံး အလုပ်လုပ်ပြီး
ရှာဖွေစုဆောင်းလာတာရဲ့
၇၀ ရာခိုင်နှုန်းကိုလည်း သူများတွေအတွက်ပဲ
သုံးစွဲပစ်လိုက်ရတာ များတယ်

ဒီတော့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းလေးကို
ထိထိရောက်ရောက် သုံးစွဲရမယ်

မဖျားမနာပဲ ရှိရင်တောင်
ဆေးမှန်မှန် သွားစစ်ပါ
ရေမဆာလည်း ရေသောက်ပါ
ပြသနာတွေ သေရေးရှင်ရေးဖြစ်နေစေဦးတော့ မေ့ပျောက် စွန့်လွှတ်တတ်ပါစေ။

ကိုယ် မှန်နေစေဦးတော့၊
အလျှော့ပေးဖို့ နောက်မတွန့်ပါနဲ့
အရမ်းချမ်းသာပြီး သြဇာရှိနေရင်တောင် နှိ့မ်ချပါ

မချမ်းသာတဲ့အခါလည်း ရောင့်ရဲတတ်ပါစေ
ဘယ်လောက်အလုပ်များများ
စိတ်နဲ့ ကိုယ်ကို လေ့ကျင့်ခန်း လုပ်ပါစေ

ကိုယ် ဂရုစိုက်အလေးထားသူတွေ
အတွက် အချိန်ပေးပါ


No comments:

Post a Comment