✿“မင်းတို့ ထမင်းဝအောင်စား”စာသားဖြင့် သေနတ်သမား ကြည်လင်းအား ဝန်းရံခဲ့သူ ၄ ဦးကို ဖမ်းဝရမ်းထုတ်✿
- -
"“ထမင်းဝအောင်စားထား” ဟု ဆိုသူများကို ဖမ်းဝရမ်းထုတ်ပြီ
----- ----- -----
ရန်ကုန် (Myanmar Hot
News) —
လွန်ခဲ့သည့်သီတင်းပတ်က အင်းစိန်မြို.နယ် မြောက်ပိုင်းခရိုင်ရုံးတွင် တရားလွှတ်တော်ရှေ.နေ ဦးကိုနီလုပ်ကြံခံရမှုကြားနာစဉ် “မင်းတို့ထမင်းဝအောင်စားထား” ဟူသောစာသားများပါသည့် တီရှပ်များဝတ်ဆင်လာပြီး လူသတ်တရားခံကြည်လင်းကို လာရောက်အားပေးခဲ့သူများကို ယမန်နေ့က အမှုဖွင့်၍ ဖမ်းဝရမ်းထုတ်ထားပြီဖြစ်ကြောင်းသိရှိရသည်။
ထိုကဲ့သို့ တရားခွင်အား လာရောက်ခြိမ်းခြောက်ခဲ့သူများအား အရေးယူပေးရန် အင်းစိန်မြို.နယ် အထွေအထွအုပ်ချုပ်ရေးမှုးက တရားလိုလုပ်၍အင်းစိန်မြို.နယ် တရားရုံးကိုဦး တိုက်လျှောက်ရာ တရားသူကြီးက အများပြည်သူကိုထိတ်လန့်စေမှုနှင့် သက်ဆိုင်သော ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)နှင့် ပြည်သူ့ဝန်ထမ်းကို နစ်နာစေရန်ခြိမ်းခြောက်မှု ရာဇသတ်ကြီး ပုဒ်မ ၁၈၉ တို့ဖြင့် ပုဒ်မတပ်ပြီး လူ ၄ ဦးအားဖမ်းဝရမ်းထုတ်ခဲ့ကြောင်း တရားရုံးသတင်းရပ်ကွက်မှ သိရှိရသည်။
မင်းတို့ထမင်းဝအောင်စားထားဟူသော စကားရပ်မှာ လူသတ်ရန်ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ ထိုကဲ့သို့တရားရုံးတွင်ပြောင်ပြောင်တင်းလာရောက်ခြိမ်းခြောက်မှုသည် တရားရေးမဏ္ဍိုင်တစ်ခုလုံးကို စိန်ခေါ်မှုဖြစ်သောကြောင့် အကြမ်းဖက်မှုကိုအားပေးလှုံ.ဆော်သူများကို ဖမ်းဆီးအရေးယူရန် ရှေ.နေအဖွဲ.အစည်းခြောက်ဖွဲ.က အစိုးရထံ ဖေဖော်ဝါရီ ၄ ရက်နေ့က ကြေညာချက်ထုတ်တောင်းဆိုထားသည်။
Myanmar Hot News (7 February 2018)
---------------------------------
“မင်းတို့ ထမင်းဝအောင်စား”စာသားဖြင့် သေနတ်သမား ကြည်လင်းအား ဝန်းရံခဲ့သူ ၄ ဦးကို ဖမ်းဝရမ်းထုတ်
----- ----- -----
ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံခံခဲ့သူ သေနတ်သမားကြည်လင်းအား “မင်းတို့ ထမင်းဝအောင်စား”စာသားပါ အင်္ကျီဝတ်ဆင်ခြင်းဖြင့် ဝန်းရံခဲ့သူ ၄ ဦးကို အင်းစိန်မြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက မဇ္ဈိမသို့ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်၊ ညနေ ၆ နာရီ၊ ၂၁ မိနစ်တွင် ပြောသည်။
အဆိုပါ ဝန်းရံခဲ့သူ ၄ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး ရာဇဝတ်မှုကြီးအမှတ်- ၁၈၄/၂ဝ၁၈ ဖြင့် အင်းစိန်မြို့နယ်တရားရုံးတွင် အမှုဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဝန်းရံခဲ့သူ ၄ ဦးကို နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်စေသော ပုဒ်မဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅ဝ၅(ခ)၊ ပြည့်သူဝန်ထမ်းကို နစ်နစ်စေမည်ဟု ခြိမ်းခြောက်ခြင်းပုဒ်မ ဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၈၉ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းသည်။
ထိုသို့ အမှုဖွင့်တိုင်ကြားခဲ့မှုနှင့်ပတ်သက်ပြီး တရားသူကြီးက ဖမ်းဝရမ်းကို ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့အား ထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ တရားစွဲတဲ့အခါကျတော့ ရန်ကုန်တိုင်းဒေသကြီးအဆင့် တိုင်းအဆင့်ရဲတပ်ဖွဲ့ဝင်အားလုံးကို ဖမ်းဝရမ်း ဒီနေ့ ထုတ်ပေးလိုက်ပြီ။ ဖမ်းဝရမ်းပြန်သွင်းမယ့်နေ့က ၁၄ ရက်နေ့လို့သိရတယ်”ဟု အဆိုပါ အမည်မဖော်လိုသူရှေ့နေက ပြောသည်။
ထိုသို့ တရားစွဲတိုင်ကြားခဲ့ခြင်းမှာ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးနေသည့် အမှုကိုအနှောက် အယှက်ပေးခြိမ်ခြောက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ဖမ်းဝရမ်းထုတ်ခံထားရသည့် ၄ ဦးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ ရုံးချိန်းတွင် မြောက်ပိုင်းခရိုင် တရားရုံး၌ သေနတ်သမားကြည်လင်အား လာရောက်ဝန်းရံခဲ့ခြင်းဖြစ်ပြီး “မင်းတို့ ထမင်းဝအောင်စားထား ”ဟူ သော စာသားပါသည့် အင်္ကျီကို တစ်ဦးကဝတ်ဆင်းထားသည့်အပြင် အဆိုပါ အင်္ကျီများကို ကြည်လင်း အပါအဝင် ၄ ဦးအား ပေးခဲ့ကြခြင်းဖြစ်သည်။
No comments:
Post a Comment