ZG
=======================
- သံပုရာသီး ၃ပိသာ
- ဆပ်ပြာဂျယ် ၂ကီလို
- နေကြာဆီ ၅ကျပ်သား
- သံလွင်ဆီ ၃ကျပ်သား
- ဆားဖြူ ၁၀သား
- သကြားဖြူ ၁၀သား
ပြုလုပ်ပုံ
ထပ်ကျိုရပါမည်။ ထို့သို့တွဲလာလျှင် မိမိလိုချင်သည့်ပုံစံခွက်ထည်းသိုထည့်ပြီး
အနံ့ဆီကိုလက်မခံပါ)
လိမ္မော်သီး ၁ပိသာ နွားနှို့ ၁၀သား
Credit; မိုးဝေ(ခေတ္တရာ)
09791184487
09264706886
UNI
"Organicဆပ်ပြာရည်ပြုလုပ်နည်း"
=======================
- သံပုရာသီး ၃ပိသာ
- ထင်းပြာ ၁ပြည် (သန့်စင်ပြီး)
- ဆပ်ပြာဂျယ် ၂ကီလို
- အုန်းဆီမွှေး ၅ကျပ်သား
- နေကြာဆီ ၅ကျပ်သား
- သံလွင်ဆီ ၃ကျပ်သား
- သစ်စိမ့်ဆီ ၃ကျပ်သား (မရှိပါက မထည့်လည်းရပါသည်)
- ဆားဖြူ ၁၀သား
- သကြားဖြူ ၁၀သား
ပြုလုပ်ပုံ
- သံပုရာသီးကို ရေသင့်သလိုထဲ့ပြီး ပျစ်လာသည်ထိကျိုပါ။
- ထင်းပြာတစ်ပြည်ကိုရေ ၄ လီတာနဲ့ ၃ ရက်အရင်စိမ်ပါ။
- ကျိုပြီးသားသံပုရာသီးနှင့်ထင်းပြာစိမ်ရေကြည်ကိုရောပါ။
- ဆားနှင့်သကြား ကိုရောထည့်ပြီးမွှေပါ။
- ဆပ်ပြာဂျယ် အုန်းဆီမွှေး နေကြာဆီ သံလွင်ဆီ အားလုံးကိုရောမွှေပါ။
သမပြီဆိုလျှင် သုံပုရာနှင့်ထင်းပြာရေအရောကို နည်းနည်းချင်းထဲ့မွှေပါ။
- မွှေသည့်နေရာတွင် ဘယ်ပြန်ညာပြန်မမွှေရပါ။ တစ်ဖက်ပဲမွှေရပါမည်။
- မွှေစက်နှင့်ဘလန်ဒါရှိလျှင် ပိုကောင်းပါသည်။
- အားလုံးရောသမပြီး အမြုပ်များထလာပြီးချွဲနေပါလိမ့်မယ်။
- အမြုတ်များသေလျှင် ဘူးထဲထည့်ပြီး အသုံးပြုနိုင်ပါသည်။
ဆပ်ပြာအခဲလုပ်လိုလျှင် အထက်ပါပစ္စည်းများထဲသို့ ဆပ်ပြာဆီခဲ ၅၀ သား၊အမဲဆီ(သန့်စင်ပြီး) ၅၀ သား ထပ်ထည့်ပြီး ဆပ်ပြာအရေများကို
အပူချိန် ၁၅၀ ံစင်ဒီဂရိတ် အပူချိန်နှင့် တို့ဟူးကျိုသလိုပျစ်တွဲလာသည်ထိ
ထပ်ကျိုရပါမည်။ ထို့သို့တွဲလာလျှင် မိမိလိုချင်သည့် ့်ပုံစံခွက်ထည်းသိုထည့်ပြီး
၇ ရက်လောက်ထားပြီးအသုံးပြုနိုင်ပါသည်။ သဘာဝဖြစ်သည့်အတွက်
နေပူထဲထားလျှင်အရည်ပျာ်သွားပါသည်။ အနံနှင့်အရောင်အားမိမိနှစ်သက်သလိုအသုံးပြုနိုင်ပါသည်။ (Organicမှာတော့ ဓါတုဆိုးဆေးအရောင်နှင့်
အနံ့ဆီကိုလက်မခံပါ)
သဘာဝဆပ်ပြာများတွင်တွဲဖက်ထားရမည့်ပစ္စည်းအမယ်များ
သံပုရာသီး ၁ပိသာ ပျားရည် ၅ကျပ်သား
လိမေ္မာ်သီး ၁ပိသာ နွားနှို့ ၁၀သား
သခွားသီး ၁ပိသာ ပှုစီနံ ၁၀သား
ရှားဇောင်း ၁ပိသာ ပင်စိမ်းရွက် ၁၀သား
မကျည်းသီး ၁ပိသာ ပျားရည် ၅ကျပ်သား
ထောပတ်သီး ၁ပိသာ စပျစ်စေ့ ၃ကျပ်သား
ထိုအမယ်များနှင့်လည်းတွဲဖက်၍ပြုလုပ်လို့ရပါသည်။ ပို၍ကောင်း၏။
မှတ်ချက်။ ။ သံပုရာသီး ကိုသာလျှင်ဦးစွာကျိုရမည်။
အခြားသီးနှံများမှာကျိုရန်မလိုပေ။