လူရွှင်တော် ဒိန်းဒေါင်ရဲ့ သမီး ဒိန်းပိုပိုဒေါင်ဟာ ဆယ်လီဖြစ်ချင်လို့ သူ့ကို တရားစွဲတာပါလို့ ဗေဒင်ဆရာ အောင်ချစ်ပို ပြော
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ - လူရွှင်တော် ဒိန်းဒေါင်ရဲ့ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ဟာ ဆယ်လီဖြစ်ချင်လို့ သူ့ကို တရားစွဲဆိုတာပါလို့ ဗေဒင်ဆရာ အောင်ချစ်ပို က ပြောပါတယ်။
"သူက ဆယ်လီဖြစ်ချင်လို့ လုပ်တာ ။ လွန်ခဲ့တဲ့ ၆နှစ်ဆိုတဲ့ အတိုင်းအတာ က ဆယ်လီဖြစ်ချင်လို့ လုပ်တာ။ အကို့ဆီ ဗေဒင်လာမေးတဲ့သူတွေထဲမှာ အဲ့လို နာမည် ကြားကို မကြားဖူးဘူး" လို့ ဗေဒင်ဆရာ အောင်ချစ်ပို က ပြောပါတယ်။
တကယ်လို့ အခုလိုကိစ္စကြောင့် သူ က နာမည်ပိုကြီးသွားမယ်ဆိုလည်း ဝမ်းသာနေမှာဖြစ်ပြီး ကံတရားအကြွေးရှိလို့ ခံရတာပါလို့ သတ်မှတ်မှာဖြစ်ကြောင်း ပြောပါတယ်။
ဒိန်းပိုပိုဒေါင်ဖွင့်တဲ့ အမှုမှာ သူ့မှာ မျက်မြင်သက်သေရှိလားလို့ မေးခွန်းထုတ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
တရားစွဲဆိုတဲ့အတွက် သူ့အနေနဲ့ ရင်ဆိုင်သွားမှာဖြစ်ပြီး ပြန်လည်တရားစွဲဆိုဖို့တော့ ရှေ့နေက ဆောင်ရွက်မှာလို့ ပြောပါတယ်။
ဗေဒင်ခန်းထဲမှာ အငွေ့တွေ ၊ အနံ့အသက်တွေ ရတာဟာ ဗေဒင်ဆရာတွေ ဆောင်ပြီး ထွန်းတဲ့ လောင်ပန်ဖြစ်တယ်လို့ ပြောပါတယ်။
အချစ်ရေး အဆင်ပြေဖို့အတွက်တော့ ပေးတဲ့ အဆောင်တွေရှိပြီး ဆီလိမ်းတယ်လို့ ပြောဆိုနေတာဟာ မဟုတ်မှန်ဘဲ ဆီမန်းကို ပုလင်းအသေးလေးနဲ့ ပေးတာပဲ ရှိတယ်လို့ ပြောပါတယ်။
Photo-ဂျက်
No comments:
Post a Comment